original pic 3

IGCSE ( အဓိကအဆင့် ၄ )

Year 10 - Year 11

IGCSE အစီအစဉ်ကို ၁၉၈၈ခုနှစ်တွင် နိုင်ငံတကာကိန်းဘရစ်ချ်စာစစ်ဌာန (CAIE) မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လူသိများ ကျော်ကြားသည့် အင်္ဂလိပ်ဘာသာသင်ရိုးညွှန်းတမ်းဖြစ်သည်။ နိုင်ငံပေါင်း ၁၆၀ကျော်တွင်ရှိသည့် ကျောင်းပေါင်း ၁၀၀၀၀ကျော်များမှာ IGCSE သင်ရိုးမာတိကာကို အသုံးပြုလျှက်ရှိသည်။ ဤသင်ရိုးသည် အသက် ၁၄နှစ် နှင့် ၁၆နှစ်ရှိ ကျောင်းသူ/သားများအတွက် အသုံးအများဆုံးဖြစ်ပြီး နိုင်ငံတကာအသိမှတ်ပြုလည်းဖြစ်သည်။
IGCSE သင်ရိုးအား အပြည်ပြည်ဆိုင်ရာ သဘောထားအမြင်များဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ သို့သော် ဒေသတစ်ခုစီအတွက် ဒေသဆိုင်ရာသက်ဆိုင်မှုလည်း ပါဝင်ပါသည်။ IGCSE သင်ရိုးအား နိုင်ငံတကာမှ ကျောင်းသူ/သားများအားလုံးအတွက် ရည်ရွယ်ဖွဲ့စည်းထားသောကြောင့် ယဉ်ကျေးမှုဆိုင်ရာ ဘက်လိုက်မှုကဲ့သို့သောအရာများမှ ကင်းဝေးသည်။
IGCSE သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘာသာအား ပထမဘာသာစကားမဟုတ်သည့် ကျောင်းသူ/သားများအပါအဝင် မတူကွဲပြားသောအရည်အချင်းများရှိကြသည့် လေ့လာသင်ယူသူများအတွက် ရွေးချယ်စရာမြောက်မြားစွာကို ပံ့ပိုးပေးနိုင်ရန်ဖြစ်သည်။
ကိန်းဘရစ်ချ် IGCSE စာမေးပွဲများကို Year 11 ပြီးဆုံးချိန်တွင် ဖြေဆိုကြရသည်။ အဆိုပါစာမေးပွဲများသည် အရေး၊ အပြောနှင့် သင်ရိုးစာများပါဝင်ပြီး အကြောင်းအရာများ ကွဲပြားသည်။ ထို့အတွက်ကြောင့် ကျောင်းသူ/သားများအနေဖြင့် သင်ခန်းစာနှင့်ပတ်သက်သည့် အသိပညာများကို နားလည်တတ်ကျွမ်းအသုံးချမှုများအား ဖော်ပြနိုင်ရန်အတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်ပေသည်။

ကိန်းဘရစ်ချ် IGCSE စာမေးပွဲများသည် တစ်နှစ်လျှင် နှစ်ကြိမ် ဇွန်လနှင့် နိုဝင်ဘာလများတွင် ဖြေဆိုရသည်။ စာမေးပွဲရလဒ်များကို ဩဂုတ်လနှင့် ဇန်နဝါရီလများတွင် ထုတ်ပြန်ပေးသည်။