HCIS၏စံတန်ဖိုးများ

HCISအထက်တန်းကျောင်း၏ စံတန်ဖိုးများမှာ ကျွန်ုပ်တို့၏လုပ်ရပ်တိုင်းအတွက် လမ်းညွှန်ပေးသော ကျွန်ုပ်တို့၏သတ်မှတ်ချက်ဆိုင်ရာယုံကြည်မှုများပင်ဖြစ်ပါသည်။ အတူတကွကြီးပြင်းကာ လေ့လာသင်ယူနိုင်မည့် ပျော်ရွှင်နွေးထွေးသော ကျောင်းအဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် ကျွန်ုပ်တို့သည် ယင်းယုံကြည်ချက်များကို သင်ကြားရေးပိုင်း၊ သင်ယူမှုပိုင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ၌ ကျင့်သုံးပါသည်။

ရိုသေလေးစားမှု

ရိုသေလေးစားမှုသည် မည်သည့်ဆက်ဆံရေး၌မဆို အဓိကကျသောအချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မတူညီကွဲပြားမှုများရှိစေကာမူ မိမိကို ပြုမူဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကိုလည်းအမြဲကောင်းမွန်စွာဆက်ဆံပါသည်။

ကြင်နာမှု

ကြင်နာသောစကားတစ်ခွန်း သို့မဟုတ် လုပ်ရပ်တစ်ခုသည် ဘဝတစ်ခုကို ပြောင်းလဲစေနိုင်ပြီး လူတိုင်းကို အရေးပါသည့်တစ်စုံတစ်ယောက်လိုခံစားရစေပါသည်။ ကျွန်ုပ်တို့နေ့စဉ်ကျင့်သုံးရန်ရည်ရွယ်သည်။

တာဝန်ယူမှု

ကျွန်ုပ်တို့၏အတွေးအခေါ်သည် ကိုယ်ပိုင်ဘဝနှင့်အနာဂတ်ကိုပုံဖော်ဆောင်ရန် မိမိတို့၏လုပ်ရပ်နှင့် အပြုအမူများအတွက်တာဝန်ယူခြင်းတစ်ရပ်ပင်ဖြစ်ပါသည်။ ယင်းကဲ့သို့တာဝန်ယူခြင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါသည်။

မတူကွဲပြားခြင်း

ကွဲပြားခြားနားခြင်းများကို မီးမောင်းထိုးပြနေမည့်အစား တစ်ဦးချင်းစီ၏ ထူးခြားချက်ကို အလေးထားပေးခြင်းက မတူကွဲပြားခြင်းများထဲမှ စည်းလုံးခြင်းကို ရှာတွေ့နိုင်ပြီး ကျွန်ုပ်တို့၏ အိမ်မက်များအကောင်အထည်ပေါ်လာရေးအတွက် အတူတကွလုပ်ဆောင်နိုင်ရန် အကူအညီဖြစ်စေပါသည်။

ပူးပေါင်းဆောင်ရွက်မှု

ကျွန်ုပ်တို့သည် အတူတကွအလုပ်လုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်း၊ လေ့လာခြင်း၊ အချင်းချင်းသင်ကြားမှုများပြုလုပ်ခြင်းဖြင့် အချင်းချင်းစိန်ခေါ်မှုများ၊ အားကျအတုယူခြင်းများ ဖြစ်စေကာအံ့သြနှစ်သက်ဖွယ်အရာများအောင်မြင်စွာ ရယူနိုင်ပါမည်။

ရိုးသားမှု

“ရိုးသားခြင်းသည် ဉာဏ်ပညာစာအုပ်၏ ပထမဆုံးအခန်းကဏ္ဍ” ဖြစ်ကြောင်း သောမတ်စ် ဂျက်ဖာဆန်က ပြောဆိုခဲ့ပါသည်။ ဉာဏ်ပညာဆိုသည်မှာ ကျွန်ုပ်တို့လေ့လာရန် စိတ်အားထက်သန်သည့်အရာပင်ဖြစ်ပါသည်။

သမာဓိ

ကိုယ်ကျင့်တရားဆိုသည်မှာ ရွေးချယ်မှုတစ်ခုမဟုတ်ကြောင်း ယုံကြည်သူများအဖြစ် မိမိကိုယ်ကိုရင့်ကျက်လာစေရန် ကျွန်ုပ်တို့သည် အမြဲတမ်း မှန်ကန်သောအကျင့်ကိုကျင့်၍ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ပါသည်။

လူမှုရေးအသိအမြင်

ကျွန်ုပ်တို့သည် မိမိတစ်ကိုယ်ရေအတွက်သာမက ကမ္ဘာတစ်ခုလုံးကို သက်ရောက်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို နားလည်နိုင်စွမ်းသော အသင်းအဖွဲ့ဦးတည်သည့် လက်တွေ့ကျကျဖြေရှင်းသူများဖြစ်လာရန် ရည်ရွယ်ပါသည်။

တီထွင်ဖန်တီးမှု

ကျွန်ုပ်တို့သည် တီထွင်ဖန်တီးမှုကို ဆက်နွှယ်မှုများရှာဖွေရန်၊ အမှားများပြုလုပ်ရန်၊ စွန့်စားမှုများပြုလုပ်ရန်၊ စမ်းသပ်ရန်၊ တိုးတက်လာစေရန်အတွက်သာမကဘဲ အရာဝတ္ထု များကို မည့်သို့တည်ရှိဖြစ်တည်ပုံနှင့်မည်သို့တည်ရှိ ဖြစ်တည် နိုင်မှုကို လက်တွေ့အကောင်အထည်ဖော်ဆောင် မြင်တွေ့စေခြင်းပင်ဖြစ်ပါသည်။