လျှောက်ထားမှုပုံစံ
ကျောင်းဝင်ခွင့်အတွက်လျှောက်ထားလိုပါက အောက်ပါအချက်အလက်များလိုအပ်သည်ကို သတိပြုပါ။ လူကြီးမင်းတို့၌ မေးမြန်းလိုသည်များ သို့မဟုတ် အကူအညီများလိုအပ်ပါက ကျွန်ုပ်တို့၏ကျောင်းဝင်ခွင့် လျှောက်ထားရေးအဖွဲ့မှ ပျော်ရွှင်စွာကူညီပေးနိုင်ရန် အစဉ်အမြဲအသင့်ရှိနေပါသည်။
- လျှောက်လွှာပုံစံကို ဒေါင်းလုတ်လုပ်၍ ဖြည့်စွက်ပါ။ လူကြီးမင်းတို့အတွက်အဆင်ပြေနိုင်စေရန် လျှောက်လွှာပုံစံများကို အင်္ဂလိပ်ဘာသာ နှင့်သာမက မြန်မာဘာသာ နှင့်ပါ ပေးထားပါသည်။ ယင်းလျှောက်လွှာပုံစံကို စာရွက်စာတမ်းများနှင့်အတူ ကျောင်းရှိကျောင်းသားရေးရာဌာနသို့ ယူဆောင်လာပေးပါ။
- လွန်ခဲ့သည့်နှစ်နှစ်အတွင်းတက်ရောက်ခဲ့သည့်ကျောင်းမှ မှတ်တမ်းများနှင့် ရလဒ်မှတ်တမ်းကဒ်များကို ထည့်သွင်းပေးပါ။ ၎င်းတို့သည် တံဆိပ်တုံးခတ်နှိပ်ထားပြီး ကျောင်းအမှတ်တံဆိပ်ပါသောမှတ်တမ်းများဖြစ်ကြောင်း သေချာစွာစစ်ဆေးပါ။
- ကျွန်ုပ်တို့မှတတ်အားသ၍ အကောင်းဆုံးထိရောက်သော ပညာရေးဝန်ဆောင်မှုပေးနိုင်မှု သေချာစေရန် ကျောင်းသား၌ရှိသော သို့မဟုတ် ဝန်ဆောင်မှုများရရှိရန် အခြားကျောင်းများမှ အကြံပြုထောက်ခံထားသည့် အထူးလိုအပ်ချက်များရှိပါက ထည့်သွင်းတင်ပြပါ။
- ဓာတ်မတည့်ခြင်း သို့မဟုတ် ကျန်းမာရေးနှင့်ဘေးကင်းရေးရည်ရွယ်ချက်များအတွက် ကျောင်းမှသိရှိထားသင့်သည့် ကျန်းမာရေးလိုအပ်ချက်များကို ထည့်သွင်းတင်ပြပါ။
- ဒီဂျစ်တယ်ဓာတ်ပုံ (ပတ်စ်ပို့စတိုင်ဓာတ်ပုံ)
- လူကြီးမင်းတို့၏ကလေးအနေဖြင့် တွေ့ဆုံမေးမြန်းခြင်းအပါအဝင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်ပါသည်။
*ကျောင်းဝင်ခွင့်အတွက် အတည်ပြုချက်မတိုင်မီ မိဘများအနေဖြင့် HCISမိဘ-ကျောင်းသားလက်စွဲစာအုပ်နှင့်သက်ဆိုင်သော သဘောတူညီချက်စာကိုဖတ်၍ လက်မှတ်ရေးထိုးပေးရန် လိုအပ်ပါသည်။