original pic 4

မူလတန်း ( အဓိကအဆင့် ၁ နှင့် ၂ )

Year 2 - Year 6

HCIS မူလတန်းတွင်ကိန်းဘရစ်ချ်မူလတန်းသင်ရိုးညွှန်းတမ်းကို Year 1 မှ Year 6 (၅နှစ်မှ၁၁နှစ်အရွယ်များ)အထိ ရည်ညွှန်းသည်။
ကျွန်ုပ်တို့၏ရည်မှန်းချက်မှာစုံစမ်းစစ်ဆေးမှုကို အခြေခံသောပြဿနာဖြေရှင်းခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းသင်ယူမှုနည်းလမ်းဖြင့် အဓိကဘာသာရပ် (၁၀) ခုဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။
တီထွင်ဆန်းသစ်မှုနှင့်တီထွင်ဖန်တီးမှုများသည် ကိန်းဘရစ်ချ်သင်ရိုး၏ အခြေခံကျသောအချက်တစ်ခုဖြစ်ပြီး ၎င်းသည်ကျွန်ုပ်တို့၏ကျောင်းသားများကိုသင်ယူမှုတွင် မိမိ၏စိတ်ကူးစိတ်သန်းများနှင့် တီထွင်ဖန်တီးမှုကိုအသုံးချဖော်ပြစေမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ကလေးများသည်ပညာရေးဆိုင်ရာစွမ်းဆောင်ရည်မြင့်မားခြင်းနှင့်အတူ ကိုယ်ရည်ကိုယ်သွေးများကိုပြုစုပျိုးထောင်သည့်သင်ယူမှုနည်းလမ်းများမှ တဆင့်ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဖြစ်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏အင်္ဂလိပ်စာသင်ခန်းစာတွင် ‘ရေးသားရန်အတွက်ပြောရန်’ နည်းစနစ်များကိုထည့်သွင်းထားပါသည်။
ဤသည်မှာသင်ကြားမှုဆိုင်ရာမူတစ်ခုဖြစ်သည်၊ဤနည်းစနစ်သည်ကလေးများအားသူတို့မလေ့လာမီ၊အရေးအသားတွင်အသုံးမပြုခင် လိုအပ်သည့်ဘာသာစကားလေ့လာရန်ကူညီသည့်သင်ယူမှုနည်းလမ်းဖြစ်ပါသည်။ ဤနည်းစနစ်သည်ကလေးသူငယ်ဘာသာစကားသင်ယူမှုနှုန်းကိုသိသိသာသာတိုးတက်စေသည်ကိုတွေ့ရှိရပါသည်။