လေးစားရပါသော အုပ်ထိန်းသူ မိဘများ ခင်ဗျာ။
ကျွန်တော်တို့ HCIS အထက်တန်းကျောင်းမှ ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ကျောင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အချိန်တည်းမှစ၍ ဂုဏ်ယူစရာကောင်းသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးနိုင်ရန် ကြိုးစားအားထုတ်ခဲ့ပါသည်။ ရင်သွေးငယ်တို့၏ အနာဂတ်ဘဝအတွက် ရွေးချယ်မှုများသည် ငယ်ရွယ်တည်းက အခြေခံကျသော အမူအကျင့်ကောင်းများမှ ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်ကို ကျွန်တော်တို့ နားလည်ပါသည်။ ကျွန်တော်တို့သည် ရင်သွေးငယ်များအား အားပေးမှုနှင့် ချီးမွမ်းမှုများကို အရင်းခံ၍ ကလေးများ ကြိုးစားသင်ယူရန် ဆွဲဆောင်လှုံ့ဆော်ခြင်းများ ပြုလုပ်ပေးပြီး အမှားများပြုလုပ်မိခဲ့လျှင်လည်း ထိုအမှားမှ သင်ခန်းစာယူစေပြီး အမှန်ကို သိမြင်ပြင်ဆင်လာစေပါသည်။
ကျွန်တော်တို့ HCIS တွင် လူတိုင်း ဖော်ရွေပြီး စေတနာရှေ့ထားကာ တစ်ဦးချင်းစီ၏ ဂရုစိုက်မှုကို အာမခံနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးရန် ကြိုးပမ်းပါသည်။ ကျွန်တော်တို့ ကျောင်း၏ရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများကို တန်ဖိုးထားပြီး ကျောင်းသား၊ကျောင်းသူ တစ်ဦးတစ်ယောက်ချင်းစီ၏အနာဂတ်ကို လက်ခံပြင်ဆင်ပေးရန်ဖြစ်သည်။
ကျွန်တော်တို့သည် သင်နှင့် သင့်မိသားစုကို လှိုက်လှဲစွာ ကြိုဆိုပြီး အတူတကွ ရင်းနှီးစွာ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ ကလေးငယ်များ ကောင်းစွာသင်ယူကြီးပြင်းလာစေရန် မျှော်လင့်ပါသည်။
Academic Staff
See the list of academic staffs from HCIS – HIGH SCHOOL.

Simon Ford
TEFL/TESOL Certified Bachelor’s degree in Multimedia Design Masters of Arts in Education Management and Leadership